α€œူတွေα€™α€žိထောင်... မင်းα€˜α€α€€ို
တိတ်တိတ်α€œေး ထဆင့်α€™ြှင့်ထားα€œိုα€€်α€™α€œား?

α€žာα€™α€”်α€œူα€„α€š်α€˜α€α€€α€”ေ ထောင်α€™ြင်တဲ့ ခေါင်းဆောင်တစ်α€šောα€€်ဆီα€žို့
ဦးချα€…်α€™ြα€”်α€™ာα€›ဲ့ ထတွေ့ထကြုံα€žα€…် ဆောင်းပါးα€™ျားα€€ို ထတူတူ α€œေ့α€œာα€€ြα€™α€š်။

FREE CONTENT ON

U Chit Myanmar YouTube Channel

ခေါင်းဆောင်α€™ှု α€…ိတ်ဓာတ်၊ α€€ိုα€š်α€›α€Š်α€€ိုα€š်α€žွေး α€–ွံ့α€–ြိုးα€™ှုα€”ှင့် α€˜α€α€ိုးတက်α€›ေးဆိုင်α€›ာ α€—α€Ÿုα€žုတများα€€ို ထခမဲ့ α€œေ့α€œာα€”ိုင်α€›α€”် α€€ျွα€”်ုပ်၏ YouTube Channel တွင် Subscribe α€œုပ်ထားα€”ိုင်ပါα€žα€Š်။

Subscribe on YouTube
α€…ာα€‘α€žα€…်တင်တိုင်း ဖတ်α€›α€”်
U Chit Myanmar ၏ ခွα€”်ထားပေးα€…ာα€…ုα€™ျားα€€ို α€žα€„့်ထီးα€™ေးα€œ်ထဲα€žို့ တိုα€€်α€›ိုα€€် ပို့ပေးပါα€™α€Š်။

Friday, May 8, 2026

တိတ်ဆိတ်ခြင်းα€€ α€α€Š်ငြိα€™်α€™ှုα€œား၊ ထားα€”α€Š်းချα€€်α€œား? | U Chit Myanmar


တိတ်ဆိတ်ခြင်းα€€ α€α€Š်ငြိα€™်α€™ှုα€œား၊ ထားα€”α€Š်းချα€€်α€œား?

True Silence vs. Lack of Preparation

ငါ့α€Šီတို့α€›ေ... "ငါα€€ α€…α€€ားα€”α€Š်းတဲ့α€žူα€™ို့α€œို့" ဆိုတဲ့ α€…α€€ားα€œုံးα€”ောα€€်α€™ှာ ပုα€”်းα€”ေရင်း α€€ိုα€š့်α€‘α€›α€Š်ထချင်းတွေα€€ို ပြα€žα€ွင့်တွေ α€œα€€်α€œွတ်ဆုံးα€›ှုံးα€”ေပြီα€œား? တိတ်ဆိတ်α€”ေခြင်းα€Ÿာ တစ်ခါα€α€œေ 'α€α€Š်ငြိα€™်α€™ှု' α€–ြα€…်α€”ိုင်ပေα€™ဲ့၊ တစ်ခါα€α€œေα€™ှာတော့ 'ပြင်ဆင်α€™ှု ထားα€”α€Š်းချα€€်' α€žα€€်α€žα€€်ပဲ α€–ြα€…်α€”ေတတ်တာα€€ို α€žα€ိပြုရပါα€™α€š်။

၁။ "α€…α€€ားα€”α€Š်းတာ" α€”ှင့် "α€…α€€ားမပြောတတ်တာ"

α€’ီα€”ှα€…်ခုα€€ို α€œုံးဝမရောထွေးပါα€”ဲ့။ α€…α€€ားα€”α€Š်းα€žူ ဆိုတာ α€˜α€š်ထချိα€”်α€™ှာ ပြောα€›α€™α€œဲ၊ α€˜α€š်ထချိα€”်α€™ှာ α€”ှုတ်ဆိတ်α€”ေα€›α€™α€œဲဆိုတာα€€ို α€žိတဲ့ Self-Control α€›ှိα€žူα€–ြα€…်ပါα€α€š်။ α€…α€€ားမတတ်α€žူ ကတော့ ပြောပြချင်ပေα€™ဲ့ တွေးခေါ်α€™ှု α€…α€”α€…်α€™α€€ျα€œို့ α€…α€€ားα€œုံးတွေ ထွα€€်α€™α€œာတာα€–ြα€…်ပြီး α€’ါα€Ÿာ Lack of Discipline (α€œေ့α€€ျင့်α€™ှု ထားα€”α€Š်းခြင်း) α€žα€€်α€žα€€်α€žာ α€–ြα€…်ပါα€α€š်။

"α€…α€€ားα€€ α€…ိတ်α€€ို α€–ော်ပြပါα€α€š်။ α€Šီတို့α€…ိတ်ထဲα€™ှာ α€˜α€š်α€œောα€€်ပဲ α€•α€Šာတွေ၊ α€…ေတနာတွေ α€›ှိα€”ေပါα€…ေ... α€…α€”α€…်တကျ ထုတ်α€–ော်မပြတတ်ရင် α€œောα€€α€€ြီးα€€ α€Šီတို့α€€ို 'α€˜ာα€™ှα€™α€›ှိတဲ့α€žူ' α€œို့ပဲ α€žα€်α€™ှတ်ပါα€œိα€™့်α€™α€š်။"

၂။ ဆက်α€žွα€š်ပြောဆိုα€™ှုα€žα€Š် တန်α€–ိုးပေးပို့ခြင်းα€–ြα€…်α€žα€Š်

ဆက်α€žွα€š်ပြောဆိုα€™ှု (Communication) ဆိုတာ α€…α€€ားα€œုံးတွေ ထများα€€ြီး α€žုံးα€–ို့ α€™α€Ÿုတ်ပါα€˜ူး။ α€€ိုα€š့်α€›ဲ့ တန်α€–ိုး (Value) α€€ို တစ်α€–α€€်α€œူα€›ဲ့ ရင်ထဲα€›ောα€€်ထောင် ပို့ဆောင်ပေးα€”ိုင်တဲ့ ခေါင်းဆောင်α€™ှု ထတတ်α€•α€Šာ တစ်ခုပါ။ "ငါα€€ α€…α€€ားα€”α€Š်းα€α€š်" ဆိုတဲ့ ဆင်ခြေထောα€€်α€™ှာ α€€ိုα€š့်α€€ိုα€š်α€€ိုα€š် ပိတ်α€œှောင်မထားပါα€”ဲ့။

၃။ ဆင်ခြေα€™ျားα€€ို ရပ်တန့်၍ α€œေ့α€€ျင့်ပါ

ပြောα€…α€›ာα€™α€›ှိα€œို့ တိတ်ဆိတ်α€”ေတာα€™ျိုး α€™α€Ÿုတ်α€˜ဲ— ပြောα€…α€›ာα€›ှိတာα€€ို α€œိုရင်းတိုα€›ှင်းα€”ဲ့ ထိα€™ိထောင် ပြောα€”ိုင်α€žူ α€–ြα€…်ထောင် α€œေ့α€€ျင့်ရပါα€™α€š်။ α€žα€„့်α€›ဲ့ α€”ှုတ်ထွα€€်α€…α€€ားα€€α€žာ α€žα€„့်α€›ဲ့ α€…ိတ်α€”ေα€…ိတ်ထားα€”ဲ့ α€…α€›ိုα€€်α€œα€€္ခဏာ (Character) α€€ို ထဆင့်ထတန်း α€™ြှင့်တင်ပေးα€™ှာ α€–ြα€…်ပါα€α€š်။

Upgrade Your Communication

တိတ်ဆိတ်α€™ှုα€”ောα€€်α€™ှာ ပုα€”်းα€”ေα€žူ α€–ြα€…်α€™α€œား?
α€’ါα€™ှα€™α€Ÿုတ် တန်α€–ိုးα€›ှိတဲ့ α€…α€€ားα€œုံးတွေα€”ဲ့ α€œα€™်းပြα€žူ α€–ြα€…်α€™α€œား?

α€’ီα€”ေ့ကစပြီး α€žα€„့်α€›ဲ့တန်α€–ိုးတွေα€€ို α€…α€”α€…်တကျ ထုတ်α€–ော်ပြα€žα€–ို့ α€˜α€š်α€œိုစတင်α€™α€œဲ? α€™ှတ်ချα€€်α€™ှာ ပြောခဲ့ပါဦး။ πŸ‘‡

@UChitMyanmar | Let's Grow Together

U P G R A D E   Y O U R   L I F E

No comments:

Post a Comment