α€œူတွေα€™α€žိထောင်... မင်းα€˜α€α€€ို
တိတ်တိတ်α€œေး ထဆင့်α€™ြှင့်ထားα€œိုα€€်α€™α€œား?

α€žာα€™α€”်α€œူα€„α€š်α€˜α€α€€α€”ေ ထောင်α€™ြင်တဲ့ ခေါင်းဆောင်တစ်α€šောα€€်ဆီα€žို့
ဦးချα€…်α€™ြα€”်α€™ာα€›ဲ့ ထတွေ့ထကြုံα€žα€…် ဆောင်းပါးα€™ျားα€€ို ထတူတူ α€œေ့α€œာα€€ြα€™α€š်။

FREE CONTENT ON

U Chit Myanmar YouTube Channel

ခေါင်းဆောင်α€™ှု α€…ိတ်ဓာတ်၊ α€€ိုα€š်α€›α€Š်α€€ိုα€š်α€žွေး α€–ွံ့α€–ြိုးα€™ှုα€”ှင့် α€˜α€α€ိုးတက်α€›ေးဆိုင်α€›ာ α€—α€Ÿုα€žုတများα€€ို ထခမဲ့ α€œေ့α€œာα€”ိုင်α€›α€”် α€€ျွα€”်ုပ်၏ YouTube Channel တွင် Subscribe α€œုပ်ထားα€”ိုင်ပါα€žα€Š်။

Subscribe on YouTube
α€…ာα€‘α€žα€…်တင်တိုင်း ဖတ်α€›α€”်
U Chit Myanmar ၏ ခွα€”်ထားပေးα€…ာα€…ုα€™ျားα€€ို α€žα€„့်ထီးα€™ေးα€œ်ထဲα€žို့ တိုα€€်α€›ိုα€€် ပို့ပေးပါα€™α€Š်။

About - U Chit Myanmar

α€€ျွα€”်ုပ်တို့ထကြောင်း (About U Chit Myanmar)

"α€›ာထူးတက်α€œို့ ခေါင်းဆောင်α€–ြα€…်တာα€™α€Ÿုတ်α€˜ူး၊ ထတွင်းα€…ိတ်ပြောင်းα€™ှα€žာ α€α€€α€š့်ခေါင်းဆောင်α€–ြα€…်တာ"

မင်္α€‚α€œာပါ။ α€€ျွα€”်တော် ဦးချα€…်α€™ြα€”်α€™ာ (U Chit Myanmar) ပါ။ α€€ျွα€”်တော် α€™α€œေးα€›ှားα€”ိုင်ငံ၊ Shah Alam α€™ှာ ၁၂ α€”ှα€…်α€€ျော်α€€ြာ တစိုα€€်မတ်မတ် α€›ှင်α€žα€”်α€›ုα€”်းα€€α€”်ခဲ့ပါα€α€š်။ ထခြေခံα€‘α€œုပ်α€žα€™ားα€˜α€α€€α€”ေ ထဆင့်ဆင့်α€žော တာဝန်α€šူα€™ှု၊ တာဝန်ခံα€™ှုတွေα€”ဲ့ α€˜α€α€€ို α€α€Š်ဆောα€€်ခဲ့တဲ့ ထိုခရီးα€œα€™်းα€™ှာ ထဖိုးတန်တဲ့ α€žα€„်ခန်းα€…ာတစ်ခုα€€ို α€€ျွα€”်တော် α€›α€›ှိခဲ့ပါα€α€š်။ α€œူတစ်α€šောα€€်α€›ဲ့ ပြင်ပထခြေထနေတွေ ပြောင်းα€œဲα€–ို့ဆိုတာ α€žူ့α€›ဲ့ ထတွင်းα€…ိတ်ဓာတ် (Mindset) ထရင်ဆုံး ပြောင်းα€œဲα€–ို့ α€œိုထပ်α€α€š်ဆိုတာပါပဲ။ α€’ီα€‘α€žိတရားကပဲ α€™ြα€”်α€™ာα€œူα€„α€š်တွေထတွα€€် ထကျိုးပြုα€™α€š့် U Chit Myanmar α€€ို α€α€Š်ထောင်α€–ို့ တွα€”်းထားα€–ြα€…်α€…ေခဲ့ပါα€α€š်။

α€™ြα€”်α€™ာα€œူα€„α€š်တော်တော်α€™ျားα€™ျားα€Ÿာ α€‘α€›α€Š်ထချင်းα€›ှိα€€ြα€žော်α€œα€Š်း α€™ှα€”်α€€α€”်တဲ့ Mindset α€”ဲ့ α€…α€Š်းα€€α€™်း (Discipline) α€™α€›ှိတဲ့ထခါ α€˜α€α€α€›ီးα€™ှာ α€›ှေ့မတိုးα€”ိုင်α€˜ဲ ရပ်တန့်α€”ေတတ်α€€ြတာα€€ို α€€ျွα€”်တော် α€™ြင်တွေ့ခဲ့ရပါα€α€š်။ α€’ါα€€ြောင့် α€œူα€™ှုα€€ွα€”်α€›α€€်ပေါ်α€™ှာ ထချိα€”်α€€ြာရင် ပျောα€€်ပျα€€်α€žွားတတ်တဲ့ α€‘α€žိα€•α€Šာတွေα€€ို α€Šီα€„α€š်၊ α€Šီα€™α€„α€š်တို့ ထချိα€”်α€™α€›ွေး ပြα€”်α€œα€Š်α€œေ့α€œာα€”ိုင်ထောင် "α€‘α€žိα€•α€Šာ ထိα€™်တော်α€€ြီး" တစ်ခုထဖြα€…် ကဝက်α€˜်ဆိုα€€်α€€ို α€›α€Š်α€›ွα€š်α€α€Š်ဆောα€€်ခဲ့ခြင်း α€–ြα€…်ပါα€α€š်။

α€€ျွα€”်တော်တို့α€™ှာ ခိုင်α€™ာတဲ့ Facebook PageYouTube Channel α€”ှင့် TikTok α€œူα€™ှုα€€ွα€”်α€›α€€် α€‘α€žိုα€€်ထဝန်းα€™ျားα€œα€Š်း α€›ှိပါα€žα€Š်။ ထိုα€”ေα€›ာα€™ျားတွင်α€œα€Š်း တစ်ဦးα€€ိုတစ်ဦး α€€ူα€Šီပံ့ပိုးရင်း၊ ပိုα€€ောင်းတဲ့ α€˜α€α€α€…်ခုဆီα€€ို ထတူတူ α€œျှောα€€်α€œှα€™်းα€”ေα€€ြတာ α€–ြα€…်ပါα€α€š်။

α€˜α€α€€ို α€’ီထက်ပိုပြီး ထဓိပ္ပာα€š်α€›ှိထောင်၊ α€’ီထက်ပိုပြီး တန်α€–ိုးα€›ှိထောင် Upgrade α€œုပ်ချင်α€α€š်ဆိုရင် α€€ျွα€”်တော်တို့α€”ဲ့ထတူ α€œα€€်တွဲα€œိုα€€်ပါ။ U Chit Myanmar α€Ÿာ α€™ောင်တို့α€™α€š်တို့α€›ဲ့ α€˜α€α€α€›ီးα€œα€™်းα€™ှာ ခိုင်α€™ာတဲ့ α€™ိတ်ဆွေတစ်ဦးထဖြα€…် ထမြဲα€›ှိα€”ေပါ့α€™α€š်။

@UChitMyanmar | Let's Grow Together

U P G R A D E   Y O U R   L I F E

No comments:

Post a Comment